ပင်မစာမျက်နှာသို့    

မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ စုစုပေါင်း စာရင်း

ကျန်းမာရေး မကောင်းသူများ စာရင်း

ထောင်ပြောင်းရွှေ့ စာရင်း
သံဃာတော်များ စာရင်း
၁၉၉၀ လွှတ်တော် ကိုယ်စားလှယ်များ စာရင်း
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ စာရင်း
ကျောင်းသားများ စာရင်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ စာရင်း
တိုင်းရင်းသားများ စာရင်း
အမျိုးသမီးများ စာရင်း
အလုပ်သမားများ စာရင်း
ရှေ့နေများ စာရင်း
ဆရာဝန်များ စာရင်း
ကျောင်းဆရာများ စာရင်း
သတင်းသမားများ စာရင်း
လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ စာရင်း

Report

The Role of Political Prisoners in The National Reconciliation Process

23 March 2010

Women Political Prisoners in Burma

8 March 201

Burma's prisons & labour cam: Silent Killing Field

11 May, 2009

21 Cyclone Nargis Volunteers Still in Prison

1 May, 2009


ဖြစ်ပေါ်လာပုံအကျဉ်းချုပ် ။

မြန်မာပြည်သမိုင်းမှာ အကြီးကျယ်ဆုံးဖြစ်ခဲ့တဲ့ ၁၉၈၈-ခုနှစ် ဒီမိုကရေစီလှုပ်ရှား တောင်းဆိုမှုကြီးဟာ စစ်အာဏာရှင်မှ ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းခံရ ပြီးတဲ့ နောက် သူတို့ရဲ့ ယုံကြည်ချက်၊ သူတို့ရဲ့နိုင်ငံရေးလုပ်ဆောင်မှုတွေအတွက် ပြည်သူထောင်ပေါင်းများစွာဟာ အဖမ်းခံ၊ ညှင်းပန်းနှိပ်စက်မှု မျိုးစုံကိုခံခဲ့ရပြီး အကျဉ်းထောင်တွေအတွင်းမှာ နှစ်ရှည်လများအကျဉ်းကျခြင်းခံခဲ့ ကြရပါတယ်။ နိုင်ငံရေးအကျဉ်းသားများဟာထောင်မှလွတ်မြောက် ပြီးတာတောင်မှ သူတို့ဟာ စစ်အာဏာရှင်ရဲ့ ဆိုးဝါးလှတဲ့ ဆက်ဆံမှုကိုဆက်လက် ရင်ဆိုင်ကြရပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေမှာဆက်လက်ပါဝင် မလုပ်ဆောင်နိုင်ဘို့အတွက် စစ်အစိုးရက ခြိမ်းခြောက်၊ နှောက်ယှက်၊ ဒုက္ခပေးတာတွေကို ကြုံတွေ့ကြရ ပါတယ်။  ဥပမာအားဖြင့် နိုင်ငံအတွင်းမှာ နိုင်ငံရေးအရ အဓိကကျသော (၈၈) အရေးတော်ပုံ နှစ်ပတ်လည်ပွဲမျိုးတွေမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာ မကြာခဏ ဆိုသလို အကြောင်းပြချက်မရှိဘဲ အဖမ်းခံရ ၊ အစစ်ဆေးခံရ ၊ထိမ်းသိမ်းခံရတာတွေ ရှိခဲ့ပါတယ်။ စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို လူမှုအဖွဲ့အစည်းထဲ ကနေပြီး ပထုတ်ဖို့၊ ဖယ်ကျဉ်ဖို့ကြိုးစားခဲ့ပါတယ်။ ဥပမာအနေနဲ့ စီးပွားရေး လုပ်ကိုင်လို့ မရအောင် ၊ ကျောင်းပြန်တက်ဖို့ အခွင့်အရေးတွေ ပိတ်ပင်တာတွေ စသဖြင့် လုပ်ကြပါတယ်။ အဲဒီလိုအဖြစ်ပျက်တွေကြောင့် နိုင်ငံရေး အကျဉ်းသား ဟောင်းအများစုဟာ ပြည်ပကိုထွက်ခွာနေထိုင်ဖို့ ဖြစ်ပေါ်စေခဲ့ရပါတယ်။ အကျဉ်း ထောင်အတွင်း နှစ်ပေါင်းများစွာနေထိုင်ခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသား အများစုဟာ ယခင်ကလည်းသူတို့ရဲ့ ရဲဘော်ရဲဘက်အကျဉ်းသားများကို အကူညီပေးခဲ့တဲ့ အကျဉ်းသား အများစုဟာ သူတို့ရဲ့လုပ်ဆောင်ခဲ့တဲ့အရာတွေကို ဆက်လက် လုပ်ဆောင်ခြင်တဲ့ ဆန္ဒတွေရှိကြပါတယ်။ အဲဒါကြောင့် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် ဖမ်းဆီးခံခဲ့ရတဲ့ (၁၁)မြောက်နှစ်ပတ်လည်နေ့မှာပဲ နိုင်ငံရေး အကျဉ်းသား ဟောင်းများ စုစည်းပြီး နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြပါတယ်။ အေအေပီပီ အဖွဲ့စည်းဟာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ကိုယ်ကျိုးအတွက်မဟုတ်ပဲ နိုင်ငံရေး အကျဉ်းသား များ အတွက် အကူအညီပေးရန် ရည်ရွယ်ပြီး ဖွဲ့စည်းတဲ့အဖွဲ့ တစ်ခုဖြစ်ပါတယ်။

Download PDF [About AAPP(Burma)

နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်သည့်အကြောင်းချင်းရာများ ။

ယ္ခုအခါမှာမြန်မာပြည်တဝှမ်းလုံးမှာရှိတဲ့ အကျဉ်းထောင်များအတွင်းမှာ အကျဉ်းကျ နေတဲ့ ရဟန်းသံဃာများ၊ ကျောင်းသား များ၊ အရွေးချယ်ခံ လူထုကိုယ်စားလှယ်များ ၊ ရှေ့နေများ အပါအဝင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၂၁ဝဝ) ကျော် ရှိသွားပြီး ဖြစ်ပါတယ်။ ဒါဟာ ၂ဝဝ၇ စက်တင်ဘာ သံဃာများအရေးတော်ပုံပြီးနောက် (၂)ဆ နီးပါးဖြစ်ခဲ့ပါတယ်။  ငြိမ်းချမ်းစွာဆန္ဒပြခြင်း၊ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာပါဝင် ဆောင်ရွက်တဲ့သူ မည်သူမဆိုအဖမ်းခံရနိုင်ပါတယ်။ လူတယောက် ဟာ ဒီမိုကရေစီ အရေးနဲ့ပတ်သက်တဲ့ လက်ကမ်းစာရွက်တစောင် ဝေခဲ့ရင်တောင် အဲဒီလူဟာ ဥပဒေမဲ့ တရားစီရင်ခံရပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၇)နှစ် ချခံရနိုင်ပါတယ်။ ၂ဝဝ၈ ခုနှစ် အောက်တိုဘာလအတွင်းမှာ စစ်အစိုးရဟာ နိုင်ငံရေးလှုပ်ရှားသူ ရာပေါင်းများစွာကို ထောင်ဒဏ် (၁ဝ၄)နှစ်အထိ ကြမ်းတမ်းတဲ့ပြစ်ဒဏ် ချမှတ်မှု တွေကို စတင်ပြုလုပ် ခဲ့ပါတယ်။ ၂ဝဝ၈ ခုနှစ် ၊ နိုဝင်ဘာလမှာ စစ်အစိုးရဟာ နိုင်ငံရေးအကျဉ်းသားများကို မြန်မာပြည် တဝှမ်းလုံးမှာရှိတဲ့ ထောင် အသီးသီးသို့ စတင်ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါဟာဘာကို ရည်ရွယ်သလဲဆိုတော့ နိုင်ငံရေး အကျဉ်းသားများရဲ့ မိသားစုများကို ထောင်ဝင်စာသွားတွေ့ရာမှာ အခက်အခဲဖြစ်အောင်၊ လိုအပ်တဲ့အစားအသောက်၊ ဆေးဝါးများကို အလွယ်တကူ မထောက်ပံ့ နိုင်အောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးလှုပ်ရှား သူများဟာ ဝေးကွာလှတဲ့ ထောင်အသီးသီးသို့ အပို့ ခံခဲ့ရပါတယ်။ ဒါဟာ စစ် အစိုးရရဲ့ ပုံဖော်ထားတဲ့ စိတ်ဓါတ်စစ်ဆင်ရေးပိုင်းဆိုင်ရာ နည်းဗျူဟာ အသစ် တခုဖြစ်ပြီး အကျဉ်းသားမိသားစုများရဲ့ ထောင်ဝင်စာအထောက်အပံ့ကို ပြတ်တောက်စေရန်ရည်ရွယ်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။  ယ္ခင်နှစ်များကဆိုရင် အဲဒီလိုထင်ရှားလူသိများတဲ့ နိုင်ငံရေးလှုပ်ရှားသူများကို နာမည်ဆိုးနဲ့ကျော်ကြား လှတဲ့ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်အတွင်း တင်းကျပ်တဲ့ လုံခြုံရေး အောက်မှာ ချုပ်နှောင် ထားရှိပါတယ်။

အေအေပီပီ ၏
ရည်ရွယ်ချက်
နှင့်
ရည်မှန်းချက်များ

၁။
စစ်အစိုးရက ဖမ်းဆီး ချုပ်နှောင်ထားတဲ့ နိုင်ငံရေး အကျဉ်းသား အရေအတွက် မည်မျှရှိသည်ကို သိရှိစေရန် နှင့်စစ်အစိုးရရဲ့အမျိုးမျိုးသော ထိမ်းသိမ်းရေးစခန်းများ၊ အကျဉ်းထောင်များ၊ ရဲဘက် စခန်းများတွင် ရှိကြသော နိုင်ငံ ရေး အကျဉ်းသားများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်ရန်။

၂။ နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်ညှင်းပန်းမှုများကို ရပ်တန့်စေရန် အစိုးရများနှင့် နိုင်ငံတကာအဖွဲ့ အစည်းများက စစ်အစိုးရအပေါ် ဖိအားပေး မှုများရရှိစေရန် နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်စေရန် ။

၃။
အစားအစာ၊ ဆေးဝါး အစရှိသည့် အခြေခံကျသောလိုအပ်မှုများကို နိုင်ငံရေးအကျဉ်းသားများအား ကူညီ ထောက်ပံ့ရန် ။ 

၎။
အကျဉ်းထောင်မှ လွတ်မြောက် လာကြတဲ့ နိုင်ငံရေး အကျဉ်းသားများဟာ အလုပ်အကိုင်ရှာဖွေတဲ့ အခါမှာ ဖြစ်ဖြစ်၊ ပညာဆက်လက်သင်ကြား လိုတဲ့အခါမှာ ဖြစ်ဖြစ် ၊ လူမှုပေါင်းသင်း ဆက်ဆံတဲ့ အခါမှာဖြစ်ဖြစ် စစ်အစိုးရ အနေနဲ့ ခြိမ်းခြောက် မှုများ၊ နှောက်ယှက်ဟန့်တားမှု များမှ နိုင်ငံရေး အကျဉ်းသားများကို ကာကွယ်ရန် ၊ အထူးသဖြင့် သူတို့ နိုင်ငံရေး လှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင်တဲ့ အခါမှာ နှိပ်စက်ညှင်းပန်းခံရခြင်းမှ အကာအကွယ်ပေးရန် ။

၅။
နိုင်ငံရေးအကျဉ်းသား ဟောင်းများရဲ့ စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ  လုံခြုံမှု ၊ ပျော်ရွှင်မှု ၊ သက်တောင့်
သက်သာရှိမှု အပါအဝင် သူတို့ဘဝရဲ့ ပြန်လည်တည်ဆောက်မှု
များကို အကူအညီပေးရန် ။
     
အပေါ်သို့ပြန်သွားရန်