နိုင်ငံရေး
အကျဉ်းသားများ
စာရင်း

အတည်ပြုပြီး စာရင်း

အတည်ြ့ပုစဲ စာရင်း

ဖေဖဝါရီ ၄ ရက် ၂၀၁၂

ဇန္နဝါရီ ၃ ရက်
၂၀၁၂ တွင်
လွတ်မြောက်ခဲ့သော
နိုင်ငံရေး
အကျဉ်းသားများ

ဇန္နဝါရီ ၄ ရက် ၂၀၁၂

အောက်တိုဘာ
၁၂ ရက်မှစတင်၍ လွတ်မြောက်ခဲ့သော
နိုင်ငံရေး
အကျဉ်းသားများ

နိုဝင်ဘာ ၁ ရက် ၂၀၁၁

 


Song from Iron Bar (in Burmese)

လှောင်ချိုင့်ထဲကတေး


ကိုကိုကြီး
အဖမ်းမခံရခင် တစ်ရက်
စက်တင်ဘာ ၂၆ရက်၊
၂၀၀၆ ခုနှစ် ညမှာ
ပြောခဲ့သော စကားများ

အခြားမှတ်တမ်းများ


ပြစ်ဒဏ်များကို ဆိုင်းငံ့ထားခြင်း၊ လွတ်ငြိမ်းသက်သာခွင့်ပေးခြင်း နှင့် လျှော့ပေါ့ပြောင်းလဲခြင်း

၎ဝ၁။ (၁) ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ် ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက်မထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက် တစ်ခုထား၍ဖြစ်စေ ၄င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည်၊ သို့မဟုတ် ၄င်းကိုစီရင်သည့် ပြစ်ဒဏ်အားလုံး၊ သို့မဟုတ် အစိတ်အပိုင်းတစ်စုံတစ်ရာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်။

(၂) မည်သည့်အခါမဆို ပြစ်ဒဏ်တစ်ခုကို ဆိုင်းငံ့ထားရန်၊ သို့မဟုတ် လွတ်ငြိမ်း သက်သာခွင့်ပေးရန်အတွက် နိုင်ငံတော် သမ္မတထံ လျှောက်ထားသည့်အခါ ယင်းလျှောက်ထားချက်ကို ခွင့်ပြုသင့်သည်၊ သို့မဟုတ် ငြင်းပယ်သင့်သည်ကို မည်သို့ ထင်မြင်သဘောရကြောင်း၊ မည်သည့်အတွက် ထိုသို့သဘောရကြောင်းကို အကြောင်းပြချက်များ ဖော်ပြရန်အပြင် အဆိုပါထင်မြင်ချက်စာတမ်းနှင့်အတူ အမှုတွဲမှတ်တမ်း၏ တာဝန်ခံမိတ္တူ၊ သို့မဟုတ် အဆိုပါ အမှုတွဲကို ပေးပို့စေရန် ၄င်းပြစ်မှု ထင်ရှားစီရင်သည့်၊ သို့မဟုတ် အတည်ပြုသည့် တရားရုံး၏ ရုံးထိုင်တရားသူကြီးအား နိုင်ငံတော် သမ္မတက ညွှန်ကြားနိုင်သည်။

(၃) ပြစ်ဒဏ်တစ်ရပ်ကို ဆိုင်းငံ့ထားရန်၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးရန် ထားရှိသည့် စည်းကမ်းချက် တစ်စုံတစ်ရာနှင့် ပြည့်စုံခြင်းမရှိဟု နိုင်ငံတော်သမ္မတက သဘောရရှိလျှင် နိုင်ငံတော်သမ္မတသည် ဆိုင်းငံ့ထားသည့်အမိန့်၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးသည့်အမိန့်ကို ဖျက်သိမ်းနိုင်သည်။ ယင်းကဲ့သို့ ဖျက်သိမ်းလိုက်သည့်အခါ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားခြင်း၊ သို့ဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးခြင်းခံရသူသည် လွတ်နေပါက မည်သည့်ရဲ့အရာရှိကမဆို ဝရမ်းမပါဘဲ ဖမ်းဆီးပြီး၊ ပြစ်ဒဏ်မစေ့မကုန်သေးသည့် ကျန်ရှိသေးသော ပြစ်ဒဏ်အပိုင်းကို ကျခံစေရန်အတွက် အကျဉ်းချထားခွင့်ရှိသည်။

(၄) ဤပုဒ်မအရ၊ ပြစ်ဒဏ်တစ်ရပ်ကို ဆိုင်းငံ့ထားခြင်း၊ သို့မဟုတ် လွတ်ငြိမ်းသက်သာခွင့် ပြုရာတွင် ထားရှိသည့်စည်းကမ်းချက်သည် ထိုသို့ဆိုင်းငံ့ထားခြင်း၊ သို့မဟုတ် လွတ်ငြိမ်း သက်သာခွင့်ပြုခြင်းခံရသူက ပြည့်စုံစွာ ဆောင်ရွက်ရမည့် စည်းကမ်းချက်ဖြစ်နိုင်သည်၊ သို့မဟုတ် ၄င်း၏သဘောဆန္ဒနှင့် လွတ်ကင်းသည့် စည်းကမ်းချက် ဖြစ်နိုင်သည်။

(၄ က) အထက်ပါ ပုဒ်မခွဲများတွင်ပါရှိသော ပြဌာန်းချက်များမှာ တစ်ဦးတစ်ယောက်အား လွတ်လပ်မှုကို ကန့်သတ် စေသည့်၊ သို့မဟုတ် ၄င်း၏ပစ္စည်းအပေါ် တာဝန်တစ်စုံတစ်ရာ သက်ရောက်စေသည့် ဤကျင့်ထုံးဥပဒေ၊ သို့မဟုတ် အခြားဥပဒေတစ်ရပ်ရပ်အရ ရာဇဝတ်တရားရုံး တစ်ရုံးရုံးက ချမှတ်သည့် အမိန့်တစ်စုံတစ်ရာနှင့်လည်း သက်ဆိုင်စေရမည်။

(၅) နိုင်ငံတော်သမ္မတက ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်၊ ပြစ်ဒဏ်ရွှေ့ဆိုင်းခွင့်၊ ဆိုင်းငံ့ခွင့် လွတ်ငြိမ်းသက်သာခွင့် ပေးနိုင်သည့်အခွင့်ကို ဤပုဒ်မပါ မည်သည့်အချက်အရမျှ စွက်ဖက်သည်ဟု မမှတ်ယူရ။

(၅ က) နိုင်ငံတော်သမ္မတက စည်းကမ်းချက်တစ်ရပ်ထား၍ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပြုရာတွင် သတ်မှတ်ထားသည့် မည်သည့်စည်းကမ်းချက်မျိုးမဆို ဤကျင့်ထုံးဥပဒေအရ အခွင့်အာဏာရ တရားရုံးတစ်ရုံး၏ ပြစ်ဒဏ်တစ်ရပ်အရ သတ်မှတ်ကြောင်းမှတ်ယူရမည့်အပြင် ယင်းသို့ မှတ်ယူသည့် အတိုင်းလည်း အတည်ပြုလုပ်စေရမည်။

(၆) နိုင်ငံတော်သမ္မတသည် ယေဘုယျ နည်းဥပဒေများ၊ သို့မဟုတ် အထူးအမိန့်များအရ ပြစ်ဒဏ် ဆိုင်းငံ့ထားရန်နှင့် လျှောက်လွှာများ တင်သွင်းခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်များ ပေးနိုင်သည်။

Download pdf

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

သတင်း ထုတ်ပြန်ချက်

ဦးသိန်းစိန်အစိုးရ၏ လွတ်ငြိမ်း ချမ်းသာခွင့်အပေါ်
နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) ၏
သဘောထား ထုတ်ပြန်ချက်။

ဇန္န၀ါရီလ ၁၄ရက် ၂၀၁၂

Download PDF


အေအေပီပီ၏
နိုင်ငံရေးအကျဉ်းသား
ဆိုသည်မှာ
အဓိပ္ပါယ်ဖွင့်ဆိုချက်


Political Prisoners & Their Familys' Life Stories

စီစဉ်သူတို့စကား

ဝယ်ယူနိုင်မည့်နေရာ


Where to buy U Win Tin's book

Where to buy

ဟံသာဝတီ ဦးဝင်းတင်၏
"ဘာလဲဟဲ့ လူ့ငရဲ" နှင့်
ကိုမင်းကိုနိုင် ၏
"နောက်ကြည့်မှန်"
စာအုပ်တို့ကို
ဝယ်ယူရရှိနိုင်သည့်
နေရာဌာနများ


HUMAN RIGHTS DOCUMENTATION MANUAL SERIES: