လှောင်ချိုင့်ထဲကတေးသီချင်းစာသားများ

၁ - လှောင်ချိုင့်ထဲကတေး

တေးရေး -သခင်မျိုး
တေးဆို - လင်းလင်း

အတောင်ပံနဲ့ မိုးကောင်းကင်နဲ့ကြား
လှောင်ချိုင့်များရှိသရွှေ့
မိုးနဲ့ ဒို့နဲ့မတွေ့
မပျံနိုင်တဲ့ ငှက်ကလေး

အာကာသဟင်းလင်းပြင်နဲ့ဝေး
အတောင်ပံရှိရက်နဲ့
လွတ်လပ်ရေးမရလို့
မပျံနိုင်တဲ့ ငှက်ကလေး

တိမ်ပြာပြာ မိုးသားထက်က ငွေစင်ကြယ်တွေနံဘေး
ပျော်ရွှင်ပေါ့ပါးစွာ ပျံသန်းရေး
သဘာဝကျတဲ့ ဒီအခွင့်အရေး
လှောင်အိမ်ရဲ့ အတွင်းဒေါင့်ကလေးမှာ
အပြင်ကမ္ဘာကို မျှော်ငေး
ပျံနိုင်ခွင့်ဝေးတဲ့ ငှက်ကလေးများရဲ့
လှောင်ချိုင့်ထဲက ထွက်လာတဲ့တေး
(မပျံနိုင်တဲ့ ငှက်ကလေး မပျံနိုင်တဲ့ ငှက်ကလေး)

 

၂ - ဘဝတက္ကသိုလ်

ရေး- ၅ ညလူငယ်
ဆို - ဂျွန်ဂလင်း

ရောင်နီမလာမီ နိုးထခဲ့ပြီ… ထောင်နံရံပေါ်သံချောင်းခေါက်သံမြည်
တချွင်ချွင်မြည် ခြေကျင်းတို့ရိုက်သံ… သံစဉ်ညီညာအလား… အာရုံမှာထင်ရှား…
ကာရံစီကာ တေးတပုဒ်ဖွဲ့လိုက်တယ်…….
ကန်အင်းယားနဲ့ဝေးခဲ့တဲ့… ဘ၀ရဲ့တက္ကသိုလ်..တံတိုင်းအထပ်ထပ်
တံခါးအထပ်ထပ် အကျဉ်းစခန်းတနေရာ
ပန်းရနံတို့ မမွှေးပျံ့တဲ့ ဘဝရဲ့တက္ကသိုလ်…စွန့်လွတ်တဲ့ နှလုံးသားတို့ ပေါင်းဆည်းဆုံရာ..
အပြင်ကမ္ဘာနဲ့..အဆက်ဖြတ်တဲ့မြေ… စာအံသံတွေ သုဉ်းဆိတ်စေလည်း….
ရင်မှာကိုယ်စီ ရှိတဲ့အတွေ့အကြုံ…အပြန်အလှန် ဖလှယ်နေယင်း
အချိန်တွေကို စစ်ခင်း… ပညာရှာကာ ဘဝရဲ့ကျောင်းထဲမှာ

သင်ရိုးတစ်ခုနဲ့ မကန့်သတ်တဲ့ ဘဝရဲ့တက္ကသိုလ်… ကြုံတွေ့ရသမျှ
တို့အတွက်က သိမှတ်စရာပါ….
ခေါင်းလောင်းမထိုး ကျောင်းမဆင်းတဲ့ ဘဝရဲ့တက္ကသိုလ်…
စက္ကန့်မလပ် တို့အတွက်က ကျောင်းတက်ချိန်ပါ….
မရေရာတဲ့ တို့ရဲ့မနက်ဖြန် ကြုံဆုံနေတဲ့ ခါးသီးမှုတွေအလယ်….
ခိုင်မာနေတာ တခုတော့ရှိတယ်…ဒါဟာ အမှန်တရား
မကုန်နိုင်တဲ့ခွန်အား အမှောင်ကမ္ဘာက လွှင့်တဲ့အလင်းတန်းသဖွယ်

မြင်ကွင်းတို့က မပြောင်းလဲကြ ဘဝရဲ့တက္ကသိုလ်…အဉ္ဇတ္တ
အတွင်းသဘောအား ရင့်ကျက်စေခဲ့…
အကိုင်းအခတ်တို့က ချိုးဖျက်ခဲကြ ဘဝရဲ့တက္ကသိုလ်….. မိုးထက်တက်မဲ့ ရုန်းအားအသစ်နဲ့ ရွက်နုဝေဆဲ….

ပေဆပ်ခဲ့တဲ့ အသွေးအသက်တို့နဲ့ ဘဝရဲ့တက္ကသိုလ်… ဦးမညွတ်ခဲ့တဲ့ သူရဲကောင်းအပေါင်းအား ဦးညွတ်နေဆဲ
မေ့ဖျောက်မရတဲ့ အဖြစ်အပျက်တို့နဲ့ ဘဝရဲ့တက္ကသိုလ်… နှလုံးသားထက်သွေးစက်နဲ့ ရေးမှတ်နေမယ်။