Media Statement - for immediate release
သတင်းထုတ်ပြန်ချက်
နေ့စွဲ။ ၁၄ စက်တင်ဘာ၊ ၂၀၀၉ ခုနှစ်
နိုင်ငံရေးအကျဉ်းသား မနှင်းမေအောင် (ခေါ်) နိုဘယ်အေး မုံရွာအကျဉ်းထောင်တွင်း တိုက်ပိတ်ခံရ
နအဖ စစ်အုပ်စု၏ ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရသော မနှင်းမေအောင်သည် မုံရွာအကျဉ်းထောင်တွင် ပြီးခဲ့သည့် စနေနေ့က တိုက်ပိတ်ပြစ်ဒဏ် ပေးခံထားရကြောင်း ထောင်ဝင်စာသွားတွေ့သည့် အခြားမိသားစုမှတဆင့် ကြားသိရသည်။ မည်သည့်အတွက် တိုက်ပိတ်သည်ကိုမူ အသေးစိတ် မသိ ရှိရသေးပေ။
ယခု တိုက်ပိတ်ခံနေရချိန်တွင် နှင်းမေအောင်သည် အသည်းရောင်အသားဝါ ရောဂါကို ခံစားနေရပါသည်။
နှင်းမေအောင်သည် ၁၉၉၈ ခုနှစ် စက်တင်ဘာလ တွင် ပထမအကြိမ် ဖမ်း ဆီးခြင်း ခံရပြီး ထောင်ဒဏ် ၄၂ နှစ် ချမှတ်ခြင်းခံခဲ့ရသည်။ ၂၀၀၅ ခုနှစ် ဇူလိုင်လ တွင် ပြန်လည် လွတ်မြောက်လာသူတဦး ဖြစ်သည်။
http://www.fbppn.net/wp-content/uploads/2008/03/nobel-aye.pdf
#
|