Burma's Brief History
Political Prisoners' Biography

 

 
 

 

 

 

 


Download PDF

 


Breaking News

 

သတင်းထုတ်ပြန်ချက်

အင်းစိန်ထောင်တွင်း အကျဉ်းကျခံနေရသည့် ကိုညီညီအောင် အစာငတ်ခံဆန္ဒပြ

ဒီဇင်ဘာလ ၇၊ ၂၀၀၉ ခုနှစ်

အင်းစိန်ထောင်တွင်းတွင် ချုပ်နှောင်ထားသော ကိုညီညီအောင် (ခ) ကိုကျော် ဇောလွင်သည် အကျဉ်းထောင်တွင်း အကျဉ်းသားအခွင့်အရေးနှင့် လူ့အခွင့် အရေးတို့ဆုံးရှုံးနေမှုအပေါ် ပြီးခဲ့သည့် သောကြာ (ဒီဇင်ဘာ ၄ ရက်) မှစ၍ အစာငတ်ခံဆန္ဒပြနေကြောင်း သိရှိရသည်။

ကိုညီညီအောင်သည် ယခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ရန်ကုန်သို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ရာ မင်္ဂလာဒုံလေယာဉ်ကွင်းတွင် ဖမ်းဆီးခံရသူဖြစ်သည်။

ကိုညီညီအောင်သည် စစ်ကြောရေး ကာလအတွင်း ညှင်းပန်းနှိပ်စက်မှု ပြင်းထန်စွာ ခံခဲ့ပြီး ဆေးကုသမှုလုံးဝမရ ခဲ့သူ ဖြစ်သည်။

 

#

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

အသေးစိတ်ထပ်မံသိလိုပါက ဆက်သွယ်ရန်
ကိုတိတ်နိုင်။ အတွင်းရေးမှူး ၆၆ (ဝ) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည်။ တွဲဖက် အတွင်းရေးမှူး ၆၆ (ဝ) ၈၁ ၉၆၂ ၈၇၁၃

မြန်မာဘာသာသို့
Archive

2009
2008
2007
2006
2005
2004
2003
2002
2001
2000


The Future in The Dark




The Darkness We See:

Torture in Burma's Interrogation Centers and Prisons

Back to Top