Burma's Brief History
Political Prisoners' Biography

 

 
 

 

 

 

 


Download PDF

 


Breaking News

သတင်းထုတ်ပြန်ချက်

၂၄ ဒီဇင်ဘာလ ၂၀၀၉ 

နိုင်ငံရေးအကျဉ်းသူ မတင်တင်ထွေး (ခ) မပဲ ထောင်တွင်း သေဆုံးခြင်း

      မတင်တင်ထွေး (ခ) မပဲ (၃၈နှစ်) သည် နှလုံးသွေးကြောပေါက် ရောဂါဖြင့် သာယာဝတီထောင် ဆေးရုံမှ အင်းစိန်သို့ ပြောင်းရွှေ့ပြီး ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက် ၂၀၀၉ တွင် ကွယ်လွန်သွားခဲ့သည်။ မတင်တင်ထွေး သည် စက်တင်ဘာလ ၂၆ ရက်နေ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုတွင်ပါဝင် ပတ်သက်မှုဖြင့် အခြားနိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ၁၄ ဦးနှင့် အတူ အဖမ်းခံခဲ့ရပြီး  အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ သို့ရာတွင် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင် အာမခံကိုပြန်ရုပ်သိမ်းပြီး နိုဝင်ဘာလ ၂၄ ရက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ၀တ္တရား နှောက်ယှက်မှုဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၂ အရလည်ကောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အများမကြားဝံ့ မနာသာအောင် ဆဲဆိုမှုဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄ အရလည်ကောင်း  အလုပ်နှင့်ထောင်ဒဏ် ၃နှစ် ၃လ အမိန့် ချမှတ်ခံခဲ့ရသည်။

      ယခုနှစ် ၂၀၀၉ တွင် မတင်တင်ထွေးအပါအ၀င် ဆလိုင်းလှမိုး၊ စောချာလိတ် တို့သုံးဦးသည် ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု့ ကောင်းစွာမရရှိသဖြင့် သေဆုံးခဲ့ရသည်။

      အေအေပီပီ၏ စုဆောင်းရရှိခဲ့သော မှတ်တမ်းအရ ၁၉၈၈ ခုနှစ် မှစ၍ ယနေ့အချိန်ထိ ထောင်တွင်း သေဆုံးခဲ့ရသော နိုင်ငံရေးအကျဉ်း သူ/သား ပေါင်း ၁၄၃ ယောက်ရှိပြီဖြစ်သည်။   

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန် -

ကိုတိတ်နိုင် ၆၆(၀)၈၁ ၂၈၇၈၇၅၁

ကိုဘိုကြည် ၆၆(၀)၈၁ ၃၂၄ ၈၉၃၅

 

#

 

Assistance Association for Political Prisoners (Burma)

For more information –

Bo Kyi (Joint Secretary); +66 (0) 819 628 713

Tate Naing (Secretary): +66 (0) 812 878 751

မြန်မာဘာသာသို့
Archive

2009
2008
2007
2006
2005
2004
2003
2002
2001
2000


The Future in The Dark




The Darkness We See:

Torture in Burma's Interrogation Centers and Prisons

Back to Top