Burma's Brief History
Political Prisoners' Biography

 

 
 

 

 

 

 

 


Download PDF

 


အေအေပီပီမှ “၂၂၀၀ကျော်ကို အခုလွှတ်!” အစီရင်ခံစာအား အင်္ဂလိပ်ဘာသာပြန်ဆို၍ ထပ်ဆင့်ဖြန့်ဝေ


 သတင်းထုတ်ပြန်ချက်။
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်။

မြန်မာနိုင်ငံတွင်းမှ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး တို့အတွက် ထောင်နှုတ်ခမ်းနင်း၍ အန္တရယ်ကြားမှစဉ်ဆက် မပြတ် လှုပ်ရှားနေသော လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ၁၂ ဖွဲ့ ပူးပေါင်း၍ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသော “၂၂၀၀ ကျော်ကို အခုလွှတ် ” အစီ ရင်ခံစာအား နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ အင်္ဂလိပ်ဘာသာပြန်ဆိုကာ ယနေ့ ဖြန့်ချီလိုက်သည်။
    “ဒီအစီရင်ခံစာကို ရေးသားသူတွေအနေနဲ့က အန္တရယ်ပေါင်းစုံ၊အခက် အခဲပေါင်းစုံကြားက အချက်အလက် စုဆောင်း၊ ရေးသားရတာဖြစ်ပြီး အချိန်မရွေး ထောင်သွင်းအကျဉ်းချခံရနိုင်ပါတယ်။ ဒီလိုအန္တရယ်ကြား ကနေ အစီရင်ခံစာ ဖြစ်မြောက်ဖို့၊ ထုတ်ပြန်ဖြစ်ဖို့ စွန့်စွန့်စားစားနဲ့ အားထုတ်ခဲ့ကြရတာပါ။ အဲဒါကြောင့် ကျနော်တို့ အေအေပီပီ အနေနဲ့ ဒီအစီရင်ခံစာကို နိုင်ငံတကာက သိနိုင်ဖို့ ဖတ်နိုင်ဖို့ အရေးကြီးတယ်လို့ ယူဆတဲ့အတွက် အင်္ဂလိပ်ဘာသာ ပြန်ဆိုပြီး ထပ်ဆင့်ဖြန့်ဝေတာ ဖြစ်ပါ တယ်” ဟု အေအေပီပီမှ အတွင်းရေးမှုးကိုတိတ်နိုင်မှပြောသည်။

   အစီရင်ခံစာထုတ်ဝေခဲ့သူများကိုယ်စား နိုင်ငံတကာအား မြန်မာနိုင်ငံ လက်ရှိအခြေအနေအား ပိုမိုသိမြင် လာစေရန်ရည်ရွယ်ကာ ထုတ်ဝေခြင်း အားဖြင့် အစီရင်ခံစာ ဖြစ်မြောက်စေရန် ကြိုးပမ်းကြသူများ ပိုမိုလုံခြုံ အန္တရယ်ကင်းစေရန်နှင့် ထိုသူတို့ပြောပြအသိပေးချင်သည်များထိရောက် စွာ ပျံ့နှံ့ကြားသိစေရန် မိမိတို့ အေအေပီပီမှ မျှော်လင့်ပါသည်။
   မြန်မာနိုင်ငံတွင်းတွင် ဖြစ်ပျက်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှု များ နှင့်ပတ်သက်သော အထောက်အထားများ စုဆောင်းရာတွင် စုဆောင်းသူတို့၏ ဘ၀များ၊ လွတ်လပ်မှုများနှင့်ရင်း၍ လုပ်ဆောင်ရသော ကြောင့် မိမိတို့အနေဖြင့် ထိုသူတို့၏ကြိုးပမ်းမှုအား အပြည့်အ၀ထောက်ခံခြင်း ဖြစ်သည်။

    မြန်မာနိုင်ငံတွင်းတွင် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာယန္တရားများ နှင့် ဆက်သွယ် ပေါင်းကူးခြင်းဖြစ်စေ၊ လူ့အခွင့်အရေးဆိုင်ရာ ပညာပေး ခြင်းလုပ်ငန်းများ လုပ်ဆောင်သည်ဖြစ်စေ လုပ်ဆောင်သူ တစ်ဦးချင်း သည်လည်ကောင်း အဖွဲ့အစည်းများသည်လည်းကောင်း အချိန်မရွေး အပြစ်ပေးအကျဉ်းချခြင်း ခံရနိုင်သည်။ ကမ္ဘာ့ကုလသမဂ္ဂ အထူးကိုယ်စား လှယ်နှင့်ဆက်သွယ်ခြင်းသည်လည်းကောင်း၊အပြည်ပြည်ဆိုင်ရာ လူ့အ ခွင့်အရေးကြေညာစာတမ်းကို ဖြန့်ဝေရုံမျှဖြင့်လည်ကောင်း ထောင်သွင်း အကျဉ်းချခံရနိုင်သည့် အန္တရယ်ရှိပါသည်။
    အေအေပီပီအနေဖြင့်ကုလသမဂ္ဂအထူးကိုယ်စားလှယ်ထံသို့လည်း
ကောင်း၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ထံသို့လည်းကောင်း
သံတမန်များထံသို့လည်ကောင်း၊နိုင်ငံတကာအဖွဲ့အစည်းများထံသို့လည်း ကောင်း ယခုအစီရင်ခံစာအား ထပ်ဆင့်ဖြန့်ဝေ ပေးပို့သွားမည်ဖြစ်သည်။
“မြန်မာနိုင်ငံထဲမှာ ဒီမိုကရေစီနဲ့လွပ်လပ်ရေးအတွက် ဘ၀နဲ့ရင်းပြီး လုပ်ဆောင်ခဲ့တဲ့အတွက် ထောင်သွင်း အကျဉ်းချခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော် နဲ့ တကွ လူ့အခွင့်အရေး အတွက် လုပ်ဆောင် နေတဲ့ သူတွေအားလုံးကို ဂုဏ်ယူလေးစားပါတယ်” ဟု ကိုတိတ်နိုင်က ဆက်လက်ပြောဆိုသည်။

ယခုအစီရင်ခံစာသည် အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်၏ အခြေအနေကို အသေးစိတ် ဖေါ်ပြထားသောအစီရင်ခံစာဖြစ်သလို မြန်မာနိုင်ငံ၏ ယနေ့နှင့် အနာဂါတ် ကာလတွင် အဘယ့်ကြောင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် အရေးတကြီး လိုအပ်နေသည်ကို ဖေါ်ပြထား သော အစီရင်ခံစာလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲပြီး
၍ ပါလီမန်အသစ်ဖြစ်ပေါ်လာသော်လည်း မြန်မာပြည်သူတို့သည် အမှန်တကယ် လွတ်မြောက်ခြင်းမရှိသေးကြောင်း ယခုအစီရင်ခံစာမှ သတိပေးထားသည်။
“နိုင်ငံအရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေး ရေးဆို တာ က မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်မှာ ပထမ ဆုံးအဆင့်အနေနဲ့ အရေးအကြီးဆုံးအမြန်ဆုံးလုပ်ရမယ့်ကိစ္စဖြစ် ပါတယ်” ဟု ကိုတိတ်နိုင်မှပြောသည်။



                                               #


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

အသေးစိတ်ထပ်မံသိလိုပါက ဆက်သွယ်ရန်
ကိုတိတ်နိုင်။ အတွင်းရေးမှူး ၆၆ (ဝ) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည်။ တွဲဖက် အတွင်းရေးမှူး ၆၆ (ဝ) ၈၁ ၉၆၂ ၈၇၁၃

မြန်မာဘာသာသို့
Archive

2009
2008
2007
2006
2005
2004
2003
2002
2001
2000


The Future in The Dark




The Darkness We See:

Torture in Burma's Interrogation Centers and Prisons

Back to Top